"ကိုယ့်ကိုညာပါ"
~~~~~~~~~~~~~~~~~~
နဲနဲလေးတောင်
သံယောဇဉ်မဖြစ်ခဲ့ဘူးလား ။
မြစ်ခြား
ချောင်းခြား
နေရာတွေမခြားပဲ
လူချင်းခြားသွားတယ် ။
ကိုယ့်ကိုညာပါ
တကယ်လို့များ
ကိုယ့်နှုတ်ဖျားက
သတိရရဲ့လားမေးခဲ့ရင် ။
ကိုယ့်ကိုညာပါ
တကယ်လို့များ
ကိုယ့်နှုတ်ဖျားက
မလွမ်းဘူးလားမေးခဲ့ရင် ။
ကိုယ့်ကိုညာပါ
တကယ်လို့များ
မတွေ့ချင်ဘူးလားလို့မေးခဲ့ရင် ။
ကိုယ့်ကိုညာပါ
ခါးသက်သက်အဖြေစကား
နားဝမှာ ကြားခဲ့ရတာထက်စာရင်
ကိုယ့်ကိုညာခဲ့ပါ...။ ။
------------------------
ကောင်ကလေး
Posted via Maung Zaw
No comments:
Post a Comment