Saturday, November 26, 2016

အက်ဆေး

* မာတာ,ပိတု *
👪===👷===👪

အေ,ဘီ,စီ နဲ့ ကကြီး,ခကွေး,
မြန်မာဖတ်စာတွေ အကြောင်း
သူတို့ ကောင်းကောင်း မသိပေမယ့်
ကျွန်တော့်ကိုတော့ ပညာအရာမှာ
တစ်ဖက်ကမ်းခပ် တတ်စေချင်ခဲ့တယ် …

ဂဏန်းသင်္ချာနဲ့ သုတ,ရသ
စာပေတွေ အကြောင်း
သူတို့ ကောင်းကောင်း မသိပေမယ့်
ကျွန်တော့်ကိုတော့
ဗဟုသုတ စုံစေချင်ခဲ့တယ် …

သူတို့ငယ်ငယ်ကနဲ့ မတူတော့တဲ့
လောကကြီးအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ငယ်ငယ်ကနဲ့ မတူတော့တဲ့
ကျွန်တော့်အကြောင်း
ခြေဖျားက,စ ဦးခေါင်းအဆုံး
အကုန်အလွတ်ရတယ် …

ကြက်ဆီထမင်းနဲ့ ဒံပေါက်
ဟင်းလျာတွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ဆန်ကြမ်းထမင်းကိုတော့ တောဟင်းတစ်ခွက်နဲ့
နပ်မှန်အောင် ချက်ကျွေးခဲ့တယ် …

ကြေးအိုးဆီချက်နဲ့ မြေအိုးမြီးရှည်တွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ရွာက,လုပ် အစုံသုပ်ကိုတော့
ချွေခြစ်ကုတ် ဝယ်ကျွေးခဲ့တယ် …

ပါတိတ်ထမီနဲ့ ပိုးပုဆိုးတွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ချည်သားဖြစ် ရယ်ဒီမိတ်စစ်စစ်တွေကိုတော့
အရောင်ကွဲ ဝတ်ဆင်စေခဲ့တယ် …

ပြည်ပဖြစ် အကောင်းစား brand တွေနဲ့
ဖိနပ်လှလှလေးတွေအကြောင်း
သူတို့ ကောင်းကောင်းမသိပေမယ့်
ပြည်တွင်းဖြစ် သားရေဖိနပ်
စစ်စစ်တွေကိုတော့ ခြေမှာညှပ်
စီးတက်စေခဲ့တယ် …

တကယ်လို့ ကျွန်တော်က
နွေနေ့ခင်းဆိုရင်
အဖေ,ဆိုတဲ့ နေမင်းရှိမှ
ပြည့်စုံလင်းမယ့် နွေနေ့ခင်းပေါ့
နောက်တစ်ခါ ကျွန်တော်က
ညအခင်းဆိုရင်
အမေ,ဆိုတဲ့ လမင်းရှိမှ
ပြည့်စုံလင်းမယ့် ညအခင်းပေါ့ …

အဖေ့ကို ချစ်သလို
အမေ့ကို ချစ်တယ်
အဖေ့ရင်ငွေ့
အမေ့ရင်ငွေ့မှာ ခိုလှုံခွင့်ပေးတဲ့
အတိတ်ကံကို ကျေးဇူးတင်တယ်
စည်းစိမ်တွေ အလျှံအပယ်မရှိပေမယ့်
မေတ္တာတွေ လျှံဝေဖိတ်နေတဲ့
အဖေ,အမေတို့ရဲ့ကမ္ဘာမှာ
ကျွန်တော် နေပျော်တယ် …
______________

credit...သျှင်မီးအိမ်
photo-credit



Posted via Maung Zaw

poem

"ကိုယ့်ကိုညာပါ"
~~~~~~~~~~~~~~~~~~

နဲနဲလေးတောင်
သံယောဇဉ်မဖြစ်ခဲ့ဘူးလား ။

မြစ်ခြား
ချောင်းခြား
နေရာတွေမခြားပဲ
လူချင်းခြားသွားတယ် ။

ကိုယ့်ကိုညာပါ
တကယ်လို့များ
ကိုယ့်နှုတ်ဖျားက
သတိရရဲ့လားမေးခဲ့ရင် ။

ကိုယ့်ကိုညာပါ
တကယ်လို့များ
ကိုယ့်နှုတ်ဖျားက
မလွမ်းဘူးလားမေးခဲ့ရင် ။

ကိုယ့်ကိုညာပါ
တကယ်လို့များ
မတွေ့ချင်ဘူးလားလို့မေးခဲ့ရင် ။

ကိုယ့်ကိုညာပါ
ခါးသက်သက်အဖြေစကား
နားဝမှာ ကြားခဲ့ရတာထက်စာရင်

ကိုယ့်ကိုညာခဲ့ပါ...။  ။
------------------------


ကောင်ကလေး



Posted via Maung Zaw

Thursday, November 24, 2016

poem

ထာဝရကိုမယုံဘူး
တနေ့တာကိုပဲယုံပါတယ်

ဘယ်တော့မှဆိုတာမယုံဘူး
ခုလက်ရှိကိုပဲယုံပါတယ်

နောက်မဖြစ်စေရဘူးဆိုတာကိုမယုံဘူး
ခုမဖြစ်အောင်နေဖို့ပဲလိုပါတယ်

မနက်ဖြန်မနက်ဖြန်ဆိုပြီးမျှော်လင့်ချက်တွေတအားမပေးပါနဲ့
အချစ်ဆိုတာ ဒီနေ့လေးတနေ့ပဲ
သူ့ကိုစိတ်ချမ်းသာအောင်ထားရင်လုံလောက်ပါတယ်



ကောင်ကလေး



Posted via Maung Zaw

နည်းပညာ

CPU ကိုလေ့လာကြည့်ရအောင်
.........................................

အမှန်တကယ်မှာတော့ Video editing process မှာ CPU ကသာ အဓိက ကျတယ်ဗျ  CPU ကောင်းမှလဲ အဆင့်မြင့် အရုပ်၊အသံ ကို ကိုင်တွယ်နိုင်မှာကို Encode နဲ့ Decode ကို CUP ကအဓိကလုပ်ဆောင်ပါတယ်။  ဒီနေရာမှာ  open CL(compute language)  နဲ့ Graphic Api ဖြစ်တဲ့ Open GL(Graphic Library) တွေကိုအသုံးပြုလို့ပေါ့ ။ ဒါတွေကို graphic card or igup က support ပေးပါတယ် cpu စီကိုပေါ့ ။
cpu မှာလဲ ပုံမုန် feature လေးတွေရှိပါတယ်
MMX,SSE,SSE2,SSE3,,SSSE3,4.1,SSE4.2,EM 64T တွေပါပဲ
ဒီနေရာမှာ ကျွန်တော် consumer level ကိုပဲပြောမှာဖြစ်ပြီ professional level ဖြစ်တဲ့ Xeon cpu ,i7X-series,  workstations, server အကြောင်းကို မပြောပါဘူး။
လက်ရှိဈေးကွက်ထဲမှာရှိတဲ့ ပစ္စည်း တွေကိုပဲပြောမှာ
Core i series 2nd gen က စလို့ 6th gen အထိ့အကျုံးဝင်ပါတယ်။
Core i series တိုင်းမှာ celeron, pentium နဲ့ i3,i5,i7 ဆိုပြီးထွက်ပါတယ်။  ဈေးတွေကလည်း တစ်ခုနဲ့တစ်ခု တော်တော်ကွာပါတယ်။ ပါဝင်တဲ့ feature တွေလဲ တော်တော်ကွာပါတယ်။ celeron,pentium တွေမှာ igpu (integrated graphic) က သာမန် အရုပ်ဖော်ရုံသာဖြစ်ပြီး။ special instructions set တွေမပါပါဘူး။ generation မြင့်လာလို့ cpu ပိုမြန်လာမှာဖြစ်ပြီး။ graphic feature အပိုပါမလာပါဘူး။ memory controller ကလဲ low end ဖြစ်လို့ 2,3,4th gen တွေမှာ ram speed 1333MHz အထိ့ 6th gen မှာဆို 2133MHz အထိ့ပဲရမှာပါ။(Core i series များတွင် DDR3 ဆို 1600 မှ 2133MHz အထိ့၊ DDR4 တွင် 2400MHz  နှင့်အထက် XMP နဲ့သုံးလို့ရပါတယ်)။
သူနဲ့ video edit မရလားဆိုတော့ ရပါတယ် ။
2nd gen Celeron Dual Core,Pentium Dual Core ကစလို့ SSE 4.1,4.2 တွေပါလာပြီဖြစ်တဲ့အတွက် render speed 2.0x ရပါတယ်။
Core i series 3,5,7 တွေမှာကျတော့ တကယ်မိုက်တယ်ဗျ instructions set တွေက လုံးဝ ကို impression ဖြစ်စေတယ်။

1. HT (hyper thread technology )

physical core တစ်ခုကို OS က core ၂ခုအဖြစ်မြင်စေတဲ့ဗျ  core ၁ခု ရဲ့ process power ကို ၂ခုခွဲပြီး process အသေး၂ခု ကိုင်နိုင်တာပေါ့။ parallel  process အားပိုကောင်းတဲ့ အတွက် high threads demand application ဖြစ်တဲ့ video edit လို program ကို အလုပ်မြန်မြန်ပြီးစေပါတယ် ။ 1st gen, 2nd gen,3rd gen တွေမှာ 1 Core 2 threads ဖြစ်ပေမဲ့ အဲဒီ 2 threads က equally divided ဖြစ်နေပြီး fixed ပုံစံမျိုးရှိနေသေးတယ်
4th gen,5th gen (only lunch mobile platform) ,
6th gen တွေမှာကျတော့ 1 Core 2 threads ပဲ ဒါပေမဲ့ thread တစ်ခုနဲ့တစ်ခု ကြား equally divided မဟုတ်တော့ပဲ sync ဖြစ်လာတယ်(အရင် 1,2,3rd gen က 1 Core ကို pm 1000 ဆိုရင် 1 thread ကို pm 500 စီပေါ့။
1 thread + 1 thread = 500+500

4,5,6 th gen မှာကြတော့ 1 Core ကို pm 1000 ဆို 1 thread ကို 500 စီမခွဲတော့ဘူး
1 thread + 1 thread က
600 + 400 or 700+300 or 800+200 လိုသလို
Sync လုပ်လာတယ် on application demand ပေါ့။
ဒါကြောင့်လည်း 4th gen, 6th gen က ပိုမြန် ပိုကောင်းလာတာပေါ့ (တည်ဆောက်ပုံပါ)။

2.Turbo Boost

Cpu က normal heat မှာပဲရှိပြီး power ကလဲ လုံလုံလောက်လောက် ရှိမယ်ဆိုရင် application ရဲ့ demand ကိုကြည့်ပြီး stock frequency ကနေ max frequency အထိ့ auto တက်တယ်ဗျ ။ ဒါပေမဲ့  သူ က အချိုး နဲ့ဗျ ဥပမာ i7 3.4 GHz. က 3:4:5:5 ဆိုရင် ရှေ့က 3 က core 4ခုလုံး run နေချိန်မှာ Turbo ပွင့်ရင် 0.30GHz ပဲတိုးမယ် 3.4 to 3.7 ပေါ့။
4 ကတော့ Core 3 ခုနဲ့ run ချိန်မှာ Turbo ပွင့်ခဲ့ရင် 0.40GHz တိုးပြီး 3.4 to 3.8GHz ဖြစ်မယ်။နောက်က 5 တွေက
Core 2ခု သို့ 1ခု ထဲ့နဲ့ run လို့ရတဲ့ application တွေမှာ 5 ဆိုတော့ သူက 3.4 to 3.9GHz နဲ့ အလုပ်လုပ်ပါမယ် ။ 0.5 တိုးတာပေါ့။

3.Integrated memory Controller

အရင်က memory controller ဆိုတာ Motherboard ပေါ်မှာရှိတာဗျ Front Side Bus (FSB)  အရမြန်နှုန်းအသေကြီးနဲ့ 1333MHz ရတဲ့ cpu တပ်ထားပါစေ mobo က 800MHz support ပဲပေးရင် 800MHz ပဲရမှာ
အခုနောက်ထွက် H61 ကစလို့ အားလုံးမှာ memory controller က cpu ထဲရောက်သွားပြီး ။ FSB ကလဲ on cpu demand ဖြစ်သွားပြီ 1333 support ပေးတဲ့ cpu ဆို 1333ရမယ် 1600ရတဲ့ဟာဆို 1600 ရမယ် low latency ဖြစ်ပြီး higher bandwidth ရမယ်။ အဲဒါကတော့ integrated memory controller ရဲ့ အားသာချက်ပါပဲ။

4.AES New instructions set(AES-NI)

New AES instructions (Advance Encryption standard instructions)က encryption and decryption အသုံးပြုလုပ်ငန်းစဉ်တွေကို hardware ပိုင်းကနေ accelerate လုပ်ပေးတဲ့ feature ပေါ့။
5.intel virtualization Technology
Hardware platform တစ်ခုကို multiple platform အဖြစ် virtual တည်ဆောက်ပေးတယ်။
IOMMU (input /output memory management unit က virtual machines ကို Ethernet,Accelerated Graphics card and hard-drive controller တွေကို DMA ကိုကျော်ပြီး interrupt remaping လုပ်ပေးတယ် ။
IOMMUက compromising  memory security ကို ကာကွယ်ပေးပြီး small memory address တွေကိုနေရာချပေးနိုင်တယ် memory management ပိုင်းပိုကောင်းလာပြီ productivity ပိုင် အတွက် process မှာ ဝန်မပိ့အောင် ခွဲထုတ်ပေးတဲ့ အတွက် အင်မတန် အသုံးတည့်တဲ feature ပါ။

6.Intel smart cache

အရင် cpu တွေက core 2ခု cache 4MB ဆိုရင် 1core ကို cache 2MBစီခွဲယူထားတယ်ဗျ cache 2.5MB အသုံးပြုရမယ်ဆိုရင် core 2ခုစလုံးကို runတော့ တာပဲ အဲဒီတော့က cpu usages တအားတက်ပြီး power full စားပြီး heat လဲတက်တာပေါ့ဗျာ ။
Smart cache ကတော့ အဲလိုဟုတ်ဘူးဗျ 
4 core 8MB cache ပါရင် 1 core 2MB စီခွဲမယူတော့ဘူး ဘုံအနေနဲ့ထားပြီး(igpu အတွက်လဲပေးရသေးတာကို) Core 1ခုထဲ 5MB cache လိုတဲ့ application run ရင်တောင် သူကကျန် core တွေကို မနှိုးဘူးဗျ  သူ့ဟာသူ 8MBထဲက 5MB ယူသုံးလိုက်တယ် ဒါဟာ dynamically ပါလုပ်တာဗျ စတင်တုန်းက 1MB သာလိုပြီး runနေစဉ်မှာ 5MB. လိုလာရင်လဲ smart cache အရ သုံးခွင့်ပေးတာပဲ အဲဒီတော့က core တွေ မလိုအပ်ပဲနှိုးစရာမလို power consumptions လျှော့မယ် heat လဲလျှော့မယ်။ ဒီအတွက် Turbo ပါတဲ့ cpuဆိုရင် turbo ပွင့်ဖို့လွယ်သွားတာပေါ့ ကျန်တဲ့ core အပိုတွေက လဲ another process တွေအတွက် ကျန်တဲ့ cache နဲ့ နောက် အလုပ်တစ်ခုခိုင်းရင်လုပ်ဖို့ ready စောင့်နေတာပေါ့ဗျာ ။ 2,3rd gen မှာ cache ကို igpu နဲ့ လမ်းကြောင်းတစ်ခုထဲကနေ share ပြီးသုံးနေရတာဗျ
အဲဒီတော့ core နဲ့ igpu က အလှည့်ကျသုံးနေရတော့ နည်းနည်း နှေးတာပေါ့(ဒါတောင်သူက AMD cpu နဲ့ single core performances မှာ ၂ဆကျော် ၃ဆလောက်ကိုမြန်တာ)။
4th gen နဲ့ 6th genမှာ core နဲ့ igpu ကို L3 cache စီဆက်သွယ်တဲ့လမ်းကြောင်းကို(လမ်းကြောင်းနော် cache ကိုဟုတ်ဘူး) ခွဲပေးလိုက်တော့ igpu ပိုမြန် ပိုကောင်းလာတာပေါ့။

7. Integrated Graphic Unit( Built in visual)

(intel Quick Sync technology)
Portable video playing, online  sharing, video editing လို program တွေကို accelerated လုပ်ပေးပါတယ်(Gpgpu mode နဲ့ အတူတူပါပဲ) ။ သူကတော့ card တပ်စရာမလိုပဲ cpu ထဲမှာပါတာပေါ့ တစ်ချို့ convert process တွေမှာ mid range တစ်သိန်းအောက်ကဒ်တွေထက်တောင်မြန်တယ်။

(Intel Clear Video HD technology)
HD Video တွေရဲ့ visual quality  and colour fidelity enchancements တွေလုပ်ပေးတဲ့အတွက်
ပိုမို ကြည်လင်ပြတ်သားတဲ့၊ပိုမို ညက်ညောတဲ့ အရုပ်၊အရောင်အသွေး ပိုမိုစုံလင်တဲ့ အရုပ်တွေမြင်ရပါမယ်။

(Intel Intrue 3D)
Stereoscopic 3D Blue-ray ကို1080p အထိ HD HDMI 1.4 မှ premiums audio quality ကြည့်ရှုခံစားနိုင်ပါတယ်။

[Intel Advanced Vector Extension (AVX)]
New instructions set ဖြစ်ပြီး audio processing, audio codecs,image and video editing application တွေကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးပါတယ်။

(Intel HD graphic)
3D performances ကို game ကစားတာတွေ ပုံမုန်အသုံးပြုမှု တွေ မှာ enchanced လုပ်ပေးပတယ်။

အထက်ပါ cpu feature များမှာ Core i series တွင်ပါမှာဖြစ်ပြီးBuild in visual မှာလဲ
Celeron နှင့် Pentium တွင် intel HD graphic တစ်ခုသာပါရှိမှာဖြစ်ပြီး ကျန် feature များမပါ ပါ
Core i series တွင်တော့ အားလုံးသော  visual feature များပါပြီး ၎င်းတို့မှာ graphic card တပ်သုံးလျှင် အကျုံးမဝင်တော့ပါ ထို့ကြောင့် gpu တပ်ဆင်ပါက build in visual ထက်ပို၍ကောင်းသော card ကိုရွေးရမှာဖြစ်ပါတယ်။
အထက်ပါ feature များမှာ intel core 3th gen ကိုရှင်းပြထားတညဖြစ်ပြီး
4th gen i series တွင် 4th ALU ,3rd address gen AGU တွေပိုကောင်းလာပြီး၊ AVX2 and FMA3 တွေတိုးလာပါတယ် 3rd gen series ထက် 6%ပိုမိုကောင်းမွန်လာပါတယ်
6th gen တွင် AES -GCM,AES-CBC ကြောင့် hyper thread performances ပိုကောင်းလာပြီး
Intel MPX,intel SGC and intel speed shift လို instructions set တွေပါလာပြီး build in visual မှာလဲ VP9( GPU accelerated decode only) နှင့် VP8 and HEVC( hardware accelerated 8-bit encode/decode and GPU accelerated 10-bit Decode)  တို့ပါလာပါပြီ
ကဲ ဒါဆို cpu ရဲ့ကွဲပြားတဲ့ feature တွေကို သတိထားမိ့လောက်ပါပြီ
Celeron, pentium တွေက Core 2ခုပါပြီး ပုံမှန် feature သာပါပြီး igpu က သာမှန်ပါပဲ
Core i 3, Core 2ခုသာပါပြီး ပုံမှန် feature အပြင် အထက် က feature ထဲမှ Turbo boost မှလွဲ၍ အားလုံးပါ ပါတယ် igpu ကလဲ အထက်က feature များအားလုံးပါပြီး Model NO ကိုမူတည်ပြီး graphic တည်ဆောက်ပုံ အနည်းငယ် ကွာဟပါတယ် 2 core 4 thread ရပါမယ်
Core i 5, Core 4ခုပါပြီး  ပုံမှန် feature အပြင် အထက် က feature ထဲမှ Hyper Thread မှလွဲ၍ အားလုံးပါ ပါတယ် igpu ကလဲ အထက်က feature များအားလုံးပါ ပါတယ်
4 core 4 thread turbo ရပါမယ်
Core i 7, Core 4ခုပါပြီး  ပုံမှန် feature အပြင် အထက် က feature ထဲမှ  အားလုံးပါ ပါတယ် igpu ကလဲ အထက်က feature များအားလုံးပါ ပါတယ်
4 core 8 thread turbo ပါ ရပါမယ်
အထက်ပါ CPU များမှာDesktop အတွက်သာဖြစ်ပြီး Laptop တွင်မူကွဲ၊မျိုးကွဲများ၇ှိပာသည်။
ကဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါစေဗျာ

Credit... နန်း.ကွန်ပျူတာမှပြန်လည်ကူးယုတင်ပြသည်...


အဘိဓမ္မာapk

၀၃၀-ဆဌသင်္ဂီတိပိဋက - v1.0
Apk size - 1.3 MB
Data file size - 134 MB

စာသင်သား ရဟန်း၊သံဃာများအတွက် အတော်လေးပြည့်စုံကောင်းမွန်တဲ့
တိပိဋက application တစ်ခုဖြစ်ပါတယ်ခင်ဗျာ ... ပါဠိ ၊ အဋ္ဌကထာ ၊ ဋီကာ
စသည်ဖြင့် ပါဝင်ပါတယ် ... Setting ထဲက Dictionary နေရာမှာ အမှန်ခြစ်
ကလေးခြစ်ပေးထားရင် မိမိသိလိုတဲ့ ပါဠိစာလုံးကို လက်ဖြင့်ခဏထောက်
ထားလိုက်ပါက အဘိဓာန်စာရင်းပေါ်လာမှာဖြစ်ပြီး ကြိုက်နှစ်သက်တဲ့
အဘိဓာန်ကိုနှိပ်လိုက်ပါက အဆိုပါစာလုံး၏ မြန်မာပြန်အဓိပ္ပါယ်ကိုဖော်ပြ
ပေးမှာဖြစ်ပါတယ် ... ပုံမှာပြထားပေးပါတယ်ခင်ဗျာ ..
အခြားဘာသာစကားများနှင့်လည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်ခင်ဗျာ ..
ပါဠိစကားလုံးတွေချည်းပဲဖြစ်တဲ့အတွက်တပည့်တော်တော့သိပ်နားမလည်ပါဘူး ဘုရား ... အရှင်ဘုရားတို့ လိုအပ်ပါက အောက်ကလင့်မှာ download ပြုလုပ်နိုင်ပါတယ်ဘုရား ...
apk ရော ၊ data ရော နှစ်ခုစလုံး download ပြုလုပ်ရန်လိုအပ်ပါသည်။

Install ပြုလုပ်ပုံ -

၁။ apk ကို install လုပ်ပါ။ open မနှိပ်ဘဲ done နှိပ်လိုက်ပါ။

၂။ Data file သည် zip file အဖြစ်ချုံ့ထားပါသဖြင့် extract လုပ်ပေးရန်လို
     ပါသည်။

၃။ Computer ဖြင့်သာ zip file ကို extract လုပ်စေချင်ပါသည်။

၎။ " CSP " ဆိုသော folder တစ်ခုထွက်လာပါမည်။

၅။ အဆိုပါ folder အား မိမိဖုန်း၏ sdcard အောက်ကို တိုက်ရိုက်ကူးထည့်
    ပေးပါ။ ( sdcard အောက်က android ထဲက data ထဲကိုထည့်ပေးရမှာ
    လုံးဝမဟုတ်ပါ )

၆။ storage/sdcard/CSP ပုံစံဖြစ်ရပါမည်။

၇။ ပြီးလျှင် apk ကိုဖွင့်ကာ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

အားလုံးအဆင်ပြေချမ်းမြေ့ကြပါစေ ... ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့လင်းစေသောဝ် ...

Download link >

Apk (1.3 MB)
https://my.pcloud.com/publink/show?code=XZ92B0ZB5Lam8eplBBgOLh882Nky8wKypn7

Data file (134 MB)
https://my.pcloud.com/publink/show?code=XZx2B0ZNISPh3kzppVbQ3mcmtIzoJCwdHO7

ဤ application ပြုလုပ်ပေးသူနှင့် မူရင်း upload တင်ပေးသူတို့အားလည်း
အလွန်တရာကျေးဇူးတင်ရှိပါကြောင်း ၊ Credit ပေးပါကြောင်းဖော်ပြအပ်
ပါတယ်ခင်ဗျာ ...


တရားစာအုပ်

ပိဋကတ်သုံးပုံ ဋီကာနိဿယ-အစုံ (၃၅)အုပ်
=======================
(၁) ၀ိမတိဝိနောဒနီ-ဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/aptomf79qei3s6y4kjq0md6ge0ilzwlu
(၂) ၀ိမတိဝိနောဒနီ-ဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/k334l98kk4b5umx57gyin04cq0jwjzg6
(၃) ၀ဇိရာဗုဒ္ဓိ- ဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/wj3hmq5khzbi2u3aj7dzqykw9kht4k6a
(၄) ၀ဇိရာဗုဒ္ဓိ- ဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/b42de98wqbsu6cf82i307ir3rdti6dxz
(၅) ကင်္ခါ-ဋီကာသစ် နိဿယ
ဒေါင်းရန်- https://app.box.com/s/0bbzrtmzago8og5bwwnm9i8c6fktktwc
(၆) ကင်္ခါ-ဋီကာသစ် နိဿယ ပထမအုပ်(ပခုက္ကူမူ)
ဒေါင်းရန်- https://app.box.com/s/eozyzpc71g8nvx3n24qmi4c9sgqfddc8
(၇) ကင်္ခါ-ဋီကာသစ် နိဿယ ဒုတိယအုပ်(ပခုက္ကူမူ)
ဒေါင်းရန်- https://app.box.com/s/wdidcwwzhrgqa5tw576cyh2wwfkgbqhs
(၈) သီလက္ခန်-ဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/uj8zdkadb5x8fa0g6pfdltn1lwgbigms
(၉) သီလက္ခန်-ဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/2hwgt7jkfnlibwiysvmn1g3nkw827wpk
(၁၀) သီလက္ခန်-ဋီကာနိဿယ တတိယအုပ်
ဒေါင်းရန်- https://app.box.com/s/chs4iiz2xtxvqaw8nmkjuoknegsce1ne
(၁၁) သီလက္ခန်-ဋီကာနိဿယ စတုတ္ထအုပ်
ဒေါင်းရန်- https://app.box.com/s/tj9yk3d8mveh1qhp6qa6nw7u9xxad1rf
(၁၂) မဟာဝဂ္ဂဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/zlxeywydl25p3egmq6m8ik4v1ilkjrkt
(၁၃) မဟာဝဂ္ဂဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/jznyt9d2yetwowgka9f8ww19urali6np
(၁၄) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/zsdnyplpawemfvc7dyeelkdulfltgj1c
(၁၅) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/1ucjgninto13q25di4qsdmra0pcwnhlo
(၁၆) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ တတိယအုပ်
ဒေါင်းရန်- https://app.box.com/s/ewyt32dfulf1a2rs1e4qk3p4aan5idky
(၁၇) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ စတုတ္ထအုပ်
ဒေါင်းရန်- https://app.box.com/s/82a99fp8re4citrnlufbxo47s5z314vs
(၁၈) ဓမ္မသင်္ဂဏီမူလဋီကာနိဿယ ပထမတွဲ
ဒေါင်းရန်- https://app.box.com/s/xohfzuo24107pmjxx2m5vrr1w14el2vi
(၁၉) ဓမ္မသင်္ဂဏီမူလဋီကာနိဿယ ဒုတိယတွဲ
ဒေါင်းရန်- https://app.box.com/s/1odks1jzrpg7uhgc8lgnhu50906cbush
(၂၀) ၀ိဘင်းမူလဋီကာနိဿယ တတိယတွဲ
ဒေါင်းရန်- https://app.box.com/s/jfes0gtjiyf6x8dl23qgyy0omc1buemx
(၂၁) ၀ိဘင်းမူလဋီကာနိဿယ စတုတ္ထတွဲ
ဒေါင်းရန်- https://app.box.com/s/pxfgirjiocaur5k54dhnmbxufm0v4ten
(၂၂) ဓာတုကထာ-ဋီကာနိဿယ ပဉ္စမတွဲ
ဒေါင်းရန်- https://app.box.com/s/0n5xq7taskz4beo5r72yek04aomakzen
(၂၃) ယမကမူလဋီကာနိဿယ ဆဋ္ဌမတွဲ
ဒေါင်းရန်- https://app.box.com/s/7pq0ifn6nxh4ciw3i8las5a06hhyw6m1
(၂၄) အဋ္ဌသာလိနီမူလဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/de20jya7jd61ghbs3pqgmxe2uf60zrsw
(၂၅) အဋ္ဌသာလိနီမူလဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/khmrk82h44ns3dzra176vhy8end7olkk
(၂၆) အဋ္ဌသာလိနီမူလဋီကာနိဿယ တတိယအုပ်
ဒေါင်းရန်- https://app.box.com/s/1b5ygs08qxukqmk9yrj27bqaaoegfc8t
(၂၇) အဋ္ဌသာလိနီမူလဋီကာနိဿယ စတုတ္ထအုပ်
ဒေါင်းရန်- https://app.box.com/s/1f5vysvcj4dcartqypn4s4js4xwnfdir
(၂၈) ၀ိဘင်းမူလဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/eb4ojz2x1wmmvbhrugidwyekd6hpk8mj
(၂၉) ၀ိဘင်းမူလဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/h5qaqp5xcqnsszy8lz7rinhyyj8sbzl3
(၃၀) ၀ိဘင်းမူလဋီကာနိဿယ တတိယအုပ်
ဒေါင်းရန်- https://app.box.com/s/swjbb5iazu0kyoxx5y1pt5dzqbmb9bgu
(၃၁) ဓာတုကထာမူလဋီကာနိဿယ
ဒေါင်းရန်- https://app.box.com/s/x16kn1tr25rsjimsxf3d7fxypl6wxofj
(၃၂) ကထာဝတ္ထုမူလဋီကာနိဿယ ပထမအုပ်
ဒေါင်းရန်- https://app.box.com/s/58rijsk8hswmbk9pivg3w2ygzjrh20ow
(၃၃) ကထာဝတ္ထုမူလဋီကာနိဿယ ဒုတိယအုပ်
ဒေါင်းရန်- https://app.box.com/s/f3gw8ukhn1beffk19i7jo2j1jxim7ufy
(၃၄) ယမကမူလဋီကာနိဿယ
ဒေါင်းရန်- https://app.box.com/s/nvh4uhhynkx6vbei3rbx9cqkug5eyjg1
(၃၅) ပဋ္ဌာနမူလဋီကာနိဿယ
ဒေါင်းရန်- https://app.box.com/s/hg9xwnpbjwmde1seoyh3em1er3433wyc


လစ်လျှူရှုတတ်တဲ့လူတယောက်က
အရင်ကသိပ်ကိုဂရုစိုက်ခဲ့ဘူးတယ်ဆိုယုံမလား

သိပ်ခေါင်းကြောမာခဲ့တဲ့လူတယောက်က
တချိန်ကသိပ်ကိုပျော့ညံ့ခဲ့ဘူးတယ်ဆို ယုံမလား

ဘာကိုမှမယုံကြည်တတ်တော့တဲ့လူတယောက်က
သိပ်ကိုယုံကြည်ပေးခဲ့ဘူးတယ်ဆိုရင် ယုံမလား

သိပ်ကိုအသဲမာပါတယ်ဆိုတဲ့လူတယောက်က
တချိန်ကသံယောဇဉ်သိပ်ကြီးခဲ့ဘူးတယ်ဆို ယုံမလား

"အချစ်ကိုသူစိတ်မဝင်စားပါဘူးတဲ့"
အဲဒီလိုပြောနေတဲ့လူတယောက်
တချိန်ကသိပ်ကိုချစ်ခဲ့ဘူးတယ်ဆို ယုံမလား

ယုံလိုက်ပါ မချစ်တတ်တဲ့လူတယောက်ကြောင့်
တခါတလေ ချစ်တတ်တဲ့သူတွေရဲ့နှလုံးသားဟာ
နှမြောစရာကောင်းလောက်အောင်ပျက်စီးသွားရတတ်တယ်။  ။



ကောင်ကလေး